ကျွနု်ပ်တို့၏ အဓိကဦးတည်ချက်
ဘာကြောင့် စီအက်စ်ဆိုလာမြန်မာ
အလင်းတစ်ပွင့်၏ စွမ်းအားဖြင့် ဘဝမြှင့်တင်ရေး၊ တန်းတူနေထိုင်ရေးအတွက် ရည်သန်၍ တည်ထောင်ထားသော "လင်းပါစေ" လူမှု့အကျိုးပြုအဖွဲ့အစည်းအား စီအက်စ်ဆိုလာမြန်မာမှ အခမဲ့ကျေးရွာဆာဗေးဆင်းပြီး လိုအပ်သောအချက်အလက်များ ကောက်ခံပေးခြင်း၊ မည်သည့်နေရာဒေသမဆို အခမဲ့ပို့ဆောင်ပေးခြင်း နှင့် အခမဲ့တပ်ဆင်ပေးခြင်းတို့ကို တဖက်တလှမ်းမှ ကူညီဆောင်ရွက်ပေးနေပါသည်။ လျှပ်စစ်မီးလုံးဝမရရှိရာ ဒေသများရှိ အိမ်ခြေများအား လက်လှမ်းမှီရာ တနိုင်တပိုင် ဆက်သွယ်လှုဒါန်းနိုင်ရန်အတွက်လည်း နှိုးဆော်လိုက်ပါတယ်။
မိမိတို့နေထိုင်ရာ လောကကြီးအား တတ်စွမ်းရာရာ တထောင့်တနေရာမှ လင်းပါစေသော် အကျိုးမျှော် စေတနာရှင်များအား ဖိတ်ခေါ်ပါတယ်။ မိမိဘဝ အလင်းပေးသည့် ကျေးဇူးရှင်များအား ကျေးဇူးဆပ်ခြင်းဖြင့်လောကကြီးအား အလင်းပေးမည့် လင်းပါစေ project ကြီး အောင်မြင်ပါစေ။
"လင်းပါစေ" လူမှု့အကျိုးပြုအဖွဲ့အစည်း၏ သဘောဆန္ဒအရ ဤနှိုးဆော်စာအား စီအက်စ်ဆိုလာမြန်မာ ဝဘ်ဆိုက်တွင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် တင်ပေးရခြင်းဖြစ်ပါသည်
လူဦးရေ - ၅၀၀
အလုပ်အကိုင် - လယ်ယာလုပ်ငန်း
လျှပ်စစ်မီး - မရရှိပါ
သူတို့တတွေရဲ့လူနေမှုဘဝ
အလင်းတစ်ပွင့်၏ စွမ်းအားဖြင့် ဘဝမြှင့်တင်ရေး နှင့် တန်းတူနေထိုင်ရေးအတွက် တဖက်တလှမ်းမှ ကူညီဆောင်ရွက်ပေးကြပါစို့။
ဆီမီးခွက်၊ ဖယောင်းတိုင်လေးတွေက သူတို့ရဲ့အလင်းရောင်ပါပဲ
သူတို့လေးတွေရဲ့ဘဝအလင်းအတွက် သင့်ရဲ့စေတနာအလင်းဖြင့် ကူညီခြင်းထွန်းညှိလိုပါက "လင်းပါစေ" ကို ကလစ်နှိပ်ပြီး ဆက်သွယ်လိုက်ပါ။
အိမ်သုံးဆိုလာ Fosera ပစ္စည်းများ
ဤ Fosera ပစ္စည်းကို ကျွမ်းကျင်သော ဂျာမနီအင်ဂျင်နီရာများမှ ပြုလုပ်ထားပါပြီး ဂျာမနီစံနှုန်းများနှင့်အညီ အရည်အသွေး စမ်းသပ်ထားပါသည်။ တာရှည်အသုံးခံနိုင်ရန် ၁၀ နှစ်ကျော်ခံသည့် ဘတ်ထရီများ အသုံးပြုထားပြီး ၃ နှစ် အာမခံပစ္စည်း ဖြစ်ပါသည်။ အလိုအလျောက် ထိန်းချုပ်မှုနှင့်ကာကွယ်ရေးစနစ်များပါရှိပြီး အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ခြင်း၊ မည့်သူတစ်ဦးတစ်ယောက်၏ အကူအညီမလိုအပ်ဘဲ မိမိကိုယ်တိုင် တပ်ဆင်အသုံးပြုနိုင်ခြင်း၊ အန္တရယ်ကင်းရှင်းစွာ တပ်ဆင်နိုင်ခြင်း တို့ ပါဝင်ပါသည်။
အာမခံခြင်းနှင့်တာရှည်ခံခြင်းး
လောင်စာကုန်သွားမှာကို သင်မစိုးရိမ်ပါနဲ့။ နေရောင်ခြည်က နှစ်ပေါင်းများစွာ ရရှိပါလိမ့်မည်။ ကျွန်ုပ်တို့၏စနစ်များက နှစ်ပေါင်းများစွ ကြာရှည်မခံပေမယ့် ၃ နှစ်အာမခံနှင့် ၈ နှစ်တာအထိ အသုံးပြုနိုင်ပါသည်။
ဂျာမန်နည်းပညာ
ကျွန်တော်တို့ရဲ့ ဤဆိုလာစနစ်မျာသည် ခေတ်မီပြီး အလွယ်တကူ အသုံးပြုနိုင်အောင် ပြုလုပ်ထားပါသည်။ အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ ၂၀၁၁ ခုနှစ်ကတည်းက ဂျာမန်အင်ဂျင်နီယာများက စတင်တီတွင်ထုတ်လုပ်ထားပါသည်။
အလွယ်တကူဝပ်အားတိုးချဲ့နိုင်ခြင်း
ဒါအမှန်ပါပဲ... ဤဆိုလာစနစ်များသည် အသုံးပြုသူများရဲ့လိုအပ်ချက်အများအတိုင်း ဝပ်အားအလွယ်တကူတိုးချဲ့နိုင်ရန်အတွက်ကို သေချာစွာဖြင့် ဒီဇိုင်းပြုလုပ်ထားပါသည်။ ဤဆိုလာစနစ်သည် ပြုပြင်ထိန်းသိမ်းဖို့လည်း လုံးဝမလိုအပ်ဘဲ ၁၀ နှစ်ကြာသည်တိုင်အောင် အသုံးပြုနိုင်ပါသည်။
စီအက်စ်ဆိုလာမှ ဖြန့်ချိသော Fosera ပစ္စည်းများ
Fosera ပစ္စည်းများကို စနစ်တကျ ဒီဇိုင်းလုပ်ထားပြီး အရွယ်အစားမတူညီသော ပစ္စည်းများကိုလည်း အလွယ်တကူပေါင်းစပ်ပြီး အသုံးပြုနိုင်ပါသည်။
ပါဝင်သောပစ္စည်းများ
- Spark 10 / 20 / 30 ဘတ္ထရီစနစ်
- ဆိုလာပြား 4 / 6 / 10 Wp 3.25V
- 3.25V LED မီးလုံး ၁၀၀ အား
- လက်နှိပ်ဓာတ်မီးများ
- မိုဘိုင်းဖုန်းများ အားသွင်းရန်အတွက် USB အပေါက်
ပါဝင်သောပစ္စည်းများ
- PSHS 4500 / 7500 ဘတ္ထရီစနစ်
- ဆိုလာပြား 6 / 10 Wp 3.25V
- 3.25V LED မီးလုံး ၁၀၀ အား
- လက်နှိပ်ဓာတ်မီးများ
- မိုဘိုင်းဖုန်းများ အားသွင်းရန်အတွက် USB အပေါက်
ပါဝင်သောပစ္စည်းများ
- LSHS 4500 / 7500 / 10500 ဘတ္ထရီစနစ်
- ဆိုလာပြား 25 / 35 / 50 Wp 12V
- 12V LED မီးလုံး ၁၀၀ / ၂၀၀ အား
- မတ်ရပ်ပန်ကာ
- ဆိုလာ တီဗီ
- လက်နှိပ်ဓာတ်မီးများ
- မိုဘိုင်းဖုန်းများ အားသွင်းရန်အတွက် USB အပေါက် ၂ ပေါက်
စီအက်စ်ဆိုလာမြန်မာ၏ အခမဲ့ ဝန်ဆောင်မှုများ
အခမဲ့ပို့ဆောင်မှု
သုံးစွဲသူမိဘပြည်သူများအတွက် မြို့တက်ပြီး ပစ္စည်းမှာယူစရာမလိုဘဲ အလွယ်တကူဖုန်းဖြင့်ဆက်သွယ်မှာယူနိုင်ရန်အတွက် စီအက်စ်ဆိုလာမြန်မာက သတ်မှတ်ထားသောဒေသများသို့ အခမဲ့ပို့ဆောင်မှုများ ပေးနေပါပြီ။
အခမဲ့တပ်ဆင်ပေးခြင်း
အခမဲ့ပို့ဆောင်မှုအပြင် သုံးစွဲသူမိဘပြည်သူများ၏လိုအပ်ချက်အတိုင်း ကျန်တော်တို့၏ အရောင်းကိုယ်စလှယ်များက အခမဲ့တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးနေပါပြီ။
၃ နှစ်အာမခံ
ဆိုလာတီဗီနှင့်မတ်ရပ်ပန်ကာမှလွှဲပြီး စီအက်စ်ဆိုလာမြန်မာမှ ဖြန့်ချိလိုက်သော Fosera အိမ်သုံးမီးပစ္စည်းများအားလုံးကို ၃ နှစ်အာမခံဖြင့် ရောင်းချပေးနေပါပြီ။ ဆိုလာတီဗီနှင့်မတ်ရပ်ပန်ကာများအတွက်ကတော့ ၁ နှစ် အာမခံသာ ပေးပါသည်။
Integrated ဆိုလာလမ်းမီးဆိုတာဘာလဲ
Integrated ဆိုလာလမ်းမီးဆိုသည်မှာ ဆိုလာပြား၊ မီးသီး၊ အော်တိုဆင်ဆာ နှင့် လစ်သီယန် ဘတ္ထရီတို့ကို တစ်စုတစ်စည်းတည်းပေါင်းစည်းပြီး တပ်ဆင်ရလွယ်ကူအောင် ထုတ်လုပ်ထားသည်ဖြစ်ပါသည်။
စျေးနှုန်းသက်သာသည့်ဆိုလာလမ်းမီးများ
နည်းပညာ
အရည်အသွေးမြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ
အရည်အသွေးမြင့်စံချိန်စံညွှန်းများနှင့်အညီ ထုတ်ကုန်များ၏ ထိရောက်မှုနှင့် တာရှည်ခံနိုင်အောင် ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာများ တီထွင်ထားပါသည်။